မင်္ဂလာပါနော် သည်တစ်ခါ ရေးမဲ့နည်းပညာလေးကတော့ မထင်မှတ်တဲ့ နည်းလေးလည်းဖြစ်နိုင်ပါတယ်..
ဆရာ့
ဆရာကြီးတွေအတွက်တော့ ရီစရာ ဖြစ်ခြင်ဖြစ်နေပေမယ့်
ကွန်ပျူတာ ကိုင်စ ဝါသနာရှင် မိတ်ဆွေ များအတွက်တော့
နည်းလမ်း တစ်ခုလို့ ဆိုရပါမယ်... ဒါကတော့
မိမိတို့ကွန်ပျူတာ အတက်...အပိတ်
အရမ်းလေးလံနေတယ်ဆိုတဲ့ သူတွေအတွက် နည်းလမ်းများစွာထဲက နည်းလမ်းလေးတစ်ခုကို ကျနော်
ရေးသားမှာ
ဖြစ်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း ကွန်ပျူတာ
အခြေခံနည်းပညာတွေကို
အရမ်းအားနည်းသူတစ်ယောက်ဖြစ်တဲ့အတွက် ခုလို အောက်ခြေ
နည်းလမ်းလေးတွေကနေ စပြီး မတောက်တခေါက် သိတာ
တတ်တာလေးကို ပြန်လည် ဆင့်ပွားမျှေဝလိုက်ခြင်းဖြစ်ပါတယ်...
ကွန်ပျူတာ ဆားဗစ်ဆရာတွေကတော့ ကျော်ခွ
ဖြတ်သွားလိုက်ပါနော်..ကဲ ပုံလေးတွေနဲ့ စိတ်ရှည်စွာ
ရှင်းပြပါ့မယ်..
အဆင့် (၁)...........မိမိတို့ ကွန်ပျူတာ start ကနေ search box မှာ view advance system ဆိုတဲ့စာသားလေးကို ရေးလိုက်ပါ....အောက်ကပုံလေးအတိုင်း လိုက်လုပ်ကြည့်နော်....
ပုံမှာ ပြထားတဲ့ နံပါတ် စဉ်တိုင်းကလစ်သွားလိုက်ပါနော်... အရမ်းလွယ်ကူပါတယ်.... နံပါတ် (၅) မှာဘဲ
စက္ကန့် ဆိုတာကို 1 second လို့ပေးလိုက်ယုံပါဘဲနော်...ပြီးတာနဲ့ အောက်က Ok ပေါ့...။
အဆင့် (၂) .............. ကတော့ အပေါ်ကလိုပါဘဲ start search box ကနေပါဘဲ regedit ဆိုတာလေးကို ရေးထည့် ရှာလိုက်ပါ အောက်မှာ သူနဲ့ပါတ်သက်တဲ့ပုံကိုပြထားပါတယ်......
သူ့ကိုလည်းပုံမှာ ပြထားသလို နံပါတ် စဉ်တိုင်း ကလစ်ပေးသွာလိုက်ပါနော်...
regedit ကိုကလစ်တာနဲ့ ဘောက်လေးကျလာမှဖြစ်ပါတယ်.... အဲမှာဘဲ နံပါတ်စဉ်.... 3,4,5,6, တိုင်းကလစ်ပေးလိုက်တာနဲ့ ဘေးမှာ ရှိတဲ့ စာတန်းတွေထဲက နံပါတ် 7 မှာပြထားတဲ့ စာတန်းကို နှစ်ချက် ကလစ်ပေးလိုက်ပါ... ဒါဆို ဘောက်သေးသေးလေးတစ်ခုကျလာပါမယ်.... ကျလာတဲ့ ဘောက်ထဲမှာ နံပါတ် 12000 လို့ပါလိမ့်မယ်....ဘယ်နံပါတ်ဘဲ ပါခဲ့ပါစေ အဲနေရာကို.. 1000 လို့ ပြောင်းထည့်ပေးပြီး Ok ပေးလိုက်ပါတော့...ဒါဆိုရင် သင့်ရဲ့ လုပ်ဆောင်ချက် ပြီးခဲ့ပါပြီ...
0 comments:
Post a Comment